If You Can't View This Page In Myanmar, Go There And Look Direction. 

ကယ်တော့ စာကဗျာလေးတွေပါ။ စိတ်အလိုအရ ခံစားချက်တွေနဲ့ တင်ထားတာဖြစ်ပါတရ်။

ငါက ကောင်းကင်ဖြစ်တရ်
ငါက မြေကြီးဖြစ်တရ်။

ငါက အဖြူရောင်ဖြစ်တရ်
ငါက အနက်ရောင်ဖြစ်တရ်။

ငါက နေသာတရ်
ငါက မိုးရွာတရ်။

ငါက ပူလောင်တရ်
ငါက  အေးမြတရ်။

ငါက အရှေ့ဖြစ်တရ်
ငါက အနောက်ဖြစ်တရ်။

ငါက သုစရိုက်ဖြစ်တရ်
ငါက ဒုစရိုက်ဖြစ်တရ်။

ငါတစ်ယောက်တည်းကိုပဲ
အမျိုးမျိုးဖြစ်ပြီးတဲ့နောက်
ငါက ဘာလဲဆိုတာ  . . .
ငါကိုယ်တိုင်ပဲသိခဲ့တရ်။

ငါ၏ ဖြစ်စဉ်ကို သိပြီးတဲ့နောက်
ငါ့နားမှာ တစ်ယောက်မှ မရှိတော့ဘူး။

ဟင်းလင်းထဲမှာတွေ့ရတာ
အနက်တွေချည်းပဲ။        
(၁၀.၁၂.၂၀၀၈)

 

အမေ…

    ခုတလော စိတ်ထဲမှာ အမေ့ကို ခဏခဏတမ်းတမိတရ်။ အမေရေ…အစတည်းက အမေ့ကို ချစ်နေခဲ့တရ်။ အရင်ကရော အခုရောချစ်နေခဲ့ရပြီး အမေမရှိတော့တဲ့အချိန်မှာ ပိုချစ်ပြီး တမ်းတမိသလို ခံစားမိတရ်။ ဒါဟာ သမီးမှာ အားငယ်စိတ်၇ှုပ်စရာရှိလို့ တမ်းတခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်လိမ့်မရ်။ ဒါမှ မဟုတ် အမေရဲ့ ချုပ်ထိန်းမှု ဘ၀အောက်မှာနေခဲ့ရတာဟာ ပိုမိုစိတ်ကျေနပ်စေခဲ့တာမျိုးပါ။

 

အမေ…

  အမေက အမေပီသခဲ့တရ်။ သမီးမှာ အမေ့ကို ခဏသာပြန်လည်ပြုစုခဲ့ရတာကိုပဲ ကျေနပ်ဖြေသိမ့်နိုင်စရာရှိပေမရ့် တကယ်တော့ အဲချိန်က အမေ့ကို ပြုစုရပေမရ့် တကယ့်ပြီးပြည့်စုံခြင်းတော့ မဟုတ်ခဲ့ဘူးပေါ့။ ဒါပေမရ့် စိတ်ချမ်းသာမှု တာရှည်ကင်းမဲ့ပြီး သားသမီးနဲ့နွေးထွေးမှုမရှိတဲ့အမေဟာ သမီးရဲ့ သိတတ်မှု၊ နောက်ဆုံး အချိန် ပေးမှု တွေနဲ့တင် အမေက ကျေနပ်ခဲ့တာကို သမီးကောင်းကောင်းသိပါတရ် အမေ။

 

အမေ…

    အမေမရှိတော့မှ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သေချာတော့မှ အမေ့ကို ပိုမိုပြန်လည်ရှိစေချင်စိတ်က ပိုဆိုးတရ်အမေ။ အမေ့အတွက် လတိုင်းဘုရားသွားအမျှဝေခဲ့ပါတရ်အမေ။ အမေရှိရင် ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ အမေရဲ့ စည်းစနစ်တွေကို အရင်ကတော့ စိတ်ရုတ်ခဲ့ဖူးပါတရ်။ တစ်ယောက်ထဲလောကကို ရင်ဆိုင်ရမှ အမေ့လို စည်းစနစ် မရှိရင် မလွယ်ဘူးဆိုတာ ကောင်းကောင်းသိပါပြီအမေ။

 

အမေ…

    အမေသာရှိရင် သမီးရဲ့ အနည်းငယ်ကြိုးစားမှုနဲ့ပေါင်းပြီး ၁ရှိထားရင် ခုချိန်မှာ ၃ရောက်နေလောက်ပြီ။ ခုတော့ အမေရယ်…၂တောင် အနိုင်နိုင်ထိန်းနေရတဲ့ ဘ၀။ တစ်ယောက်တည်းဆိုတဲ့ဘ၀က မလွယ်ပါဘူး။ ဒါပေမရ့် အမေကတော့ သမီးကို ယုံကြည်ခဲ့တရ်။ သမီးကို စိတ်ချတရ်။ သမီးအဆင်ပြေမှာပါ။ မိဘကိုသိတတ် စောင့်ရှောက်တဲ့ သားသမီးဟာ ဘယ်တော့မှ ဒုကမရောက်ဘူးတဲ့။ ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ။ သမီးလည်း ကြိုးစားသွားမှာပါ။

 

အမေ…

    သမီးရဲ့ရှေ့ရေးအတွက်ရော၊ အမျိုးတွေအလယ်မှာ မျက်နှာမငယ်ရအောင်ရော၊ အဖေ အမေတို့ရဲ့ ဂုဏ်အတွက်ပါ သမီး ကြိုးစားမှာပါ။ သမီးက ဒီမိဘကနေမွေးဖွားလာရတာကို ကျေနပ်နေရသလိုမျိုး အမေတို့ ရောက်နေတဲ့ ဘ၀ကနေလည်း ငါတို့သားသမီးက ဒီလိုတော့ အရည်ချင်းရှိသားပဲဆိုတဲ့ကျေနပ်မှုမျိုးရနိုင်အောင် ကြိုးစားပါ့မရ်။

 

အမေ…

    အမေ့ကို အရမ်းချစ်တရ်အမေ။ အမေနဲ့နှစ်ယောက်ထဲနေရတဲ့ဘ၀က တကရ်တော့ အေးချမ်းခဲ့တရ်။ နွေးထွေးခဲ့ တရ်။ ခုချိန်မှာတော့ အမေ့အိမ်၊ သမီးရဲ့နေရာဆိုတာလည်း မရှိတော့ပါဘူးအမေ။ ပြန်စရာနေရာတောင် သမီးမှာ မရှိတော့ ပါဘူးအမေ။ အမေရှိနေတဲ့နေရာ၊ အမေပေးနိုင်တဲ့နွေးထွေးမှု၊ အေးချမ်းပြီးစိတ်ချလက်ချနေရတဲ့ နေရာဆိုတာရှိရင် တစ်နည်းနည်းနဲ့ လမ်းပြပေးပါအမေ။

 

အမေ…

    အမေ့ကို ရိုသေလေးစား မြတ်နိုးမှုတွေနဲ့ ရောက်လေရာဘ၀မှာ ငြိမ်းချမ်းမှုတွေရပါစေလို့ဆုတောင်းပေးရင်း ရှိခိုးကန်တော့ လိုက်ပါတရ်အမေ။

 အချစ်တစ်ခုကို ခလုတ်တိုက်မိခြင်း


လူ့ဘ၀ဆိုတာ ပျော်စရာလို့
ငါသတ်မှတ်တာ
အချစ်ဆိုတာ အပန်းဖြေချိန်မှာ
လိုတဲ့အရာလို့ ပေါ.ပေါ.တွေးလျှက်

အချိန်ကို စားသုံးလာခဲ.တာ
ငါ.သက်တန်း၂၀ကျော်အထိ 

အရောင်မဲ.နှောင်ဖွဲ.မှုတွေနဲ.
အရာတိုင်း ပုံမှန်လည်ပတ်နေခဲ.တာ

ဒါပေမရ့်...ဒါပေမရ့်...          
......... မှာခလုတ်တိုက်တဲ.အဖြစ်   
တိုက်စားမိတဲ. အချစ်
လှိုက်လှိုက်စားရင်းနဲ.
ငါ.စိတ်ဓါတ်တွေ ပြိုပြိုကျတရ်

နားလည်စွာ ခွင်.လွှတ်ခြင်းတွေနဲ.
အကြိမ်ကြိမ်ငါ...ရှိနေခဲ.ပေမရ်.
တကရ်.ရလဒ်တော့....
နက်စောက်တဲ.ကမ်းပါးထဲကို
ငါခုန်ချမိသလိုမျိုးပဲ

ဘာပဲဖြစ်ဖြစ်
ရင်ခုန်ဖွရ် လှိုက်လှဲနင်.သီးမှုတွေနဲ.
ရူးသွပ်စွာခံစားစေခဲ.တဲ.အတွက်
 မင်းကိုငါ ကျေးဇူးတင်ပါတရ်။

 

ဒဏ်ရာရကဗျာတစ်ပုဒ်

  (သို.)

အညာခံလိုက်ရခြင်း

အေးစက်စက်ငါ.စိတ်ကို
လှုပ်နိုးစေခဲ.ပြီးမှ
အားမနာခဲ.သူရေ
အရင်ကတော.
မင်းရဲ.နံနက်ခင်းလေး စတင်ဖွင်.လှစ်
ရောင်ခြည်သစ်စဉ် အရင်သတိရ
တမ်းတမိတာ ငါ.ပုံရိပ်လေးပါဆို

မင်းရဲ.နေ.လည်ခင်း သက်ဝင်လှုပ်ရှား
ဘရ်ကို သွားသွား နေရာတကာ
မြင်လေရာမှာ ငါ.မျက်နှာ
ကြားနေရတာ ငါ.စကားဆို

မင်းရဲ.ညလေးမှာ ညင်တာမှေးမှိတ်
အိပ်ပြန်တော.လည်း အိပ်မက်ပေးတာ
ငါပါပဲ ....
ကြာလာတော.လည်း မမြင်နိုင်တဲ.သံယောဇဉ်ကြိုး
ပိုပိုတိုးလို. မင်းမှာတော.
ငါ.ရဲ.နှောင်ကြိုးတွေနဲ.ပေါ.ဆို

ဒါတွေအားလုံး အိပ်မက်ပဲဖြစ်လိုက်ပါတော.

ကျေနပ်မှု

 ဘာလုပ်ရမလဲ။ မကြာခဏဖြစ်ပေါ်တဲ့ ပူပန်မှု။ တွေဝေတဲ့ အတွေးတွေနဲ့။ ငါဘာဖြစ်ချင်ခဲ့တာလဲ။ တိကျမှုမဲ့တဲ့စိတ်ကို ငါကိုယ်တိုင်မုန်းလာတရ်။ ခါးသက်မှု၊ ဆိုးရွားမှုတွေကို လုံလောက်အောင် စားသုံးပြီး တဲ့နောက်တော့ ရေရှည်မှာ မခံနိုင်တော့ဘူး။ အဒေါ်တစ်ယောက်ကပြောဖူးတရ်။ ဖြစ်ထွန်းလိုတဲ့စိတ်က ကောင်းတရ်။ ဒါပေမရ့် လှေကားကို တစ်ထစ်ချင်းတက်မှ ပြုတ်မကျမှာတဲ့။ သူငယ်ချင်းတွေကပြောတရ်။ နေရာဟောင်းမှာကပ်တွယ်ရင်တော့ ဒီတိုင်းပဲနေမှာပါပဲတဲ့။ ကိုယ့်တိုးတက်မှုအတွက် နေရာဒေသေ၇ွးတတ်ရသတဲ့။ ဒါမှ မြန်မြန်ကြီးပွားမှာတဲ့။ မှန်တာကို မငြင်းပါဘူး။ ကြာလာတာနဲ့ အမျှ စိတ်ထဲက ပူပန် စောင့်ဆိုင်းမျှော်လင့်နေရတဲ့ ခံစားမှုက အိပ်ချိန်ကိုတောင် ခိုးခိုးယူ သွားတရ်။ ပီဇကပေါ်လာရင် ခေါင်းမာချင်တဲ့ငါနဲ့တော့ စိတ်ကိုရှည်တတ်အောင်ကြိုးစားရင်းနဲ့ စောင့်ဆိုင်း နှောင့်နှေးမှု ကို မုန်းလာတရ်။ ဒီကြားထဲ ဟိုက ဒီကသေးမွှားတွေကို ဂရုစိုက်နေရင်းက စိတ်ထဲကလွတ်လပ်မှု ကင်းလာတရ်။ ပေါ့ပါးမှု မဲ့လာတရ်။ ဘာလဲ ဘ၀ဆိုတာ။ ကိုယ်အရှုံးမပေးပါဘူး။ ဒါပေမရ့် ဘ၀ဆိုတာ ခါးသက်မှုဆိုရင် ကိုယ်ကတော့ ခါးသက်မှုတိုင်းမှာ အိပ်ပျော်ချင်နေတရ်။ အောင်မြင်ကျေနပ်မှုက ဘ၀ဆိုရင် အဲချိန်မှာတော့ ကိုယ်နိုးကြားချင်မိတရ်။ ကိုယ့်ရဲ့နိုးကြားမှုနဲ့ အိပ်ပျော်မှုဟာ အချိန်ဆိုတဲ့အရာက ကန့်သတ်ပြီး အခြေအနေဆိုတာက ပိုင်းဖြတ်တရ်။ ဒီလိုနဲ့ လူတစ်ယောက်ဖြစ်နေရတာကိုပဲ ကျေနပ်နေရတရ်။

လေလွင့်

      တောင်စဉ်မရေရာတဲ့ အတွေးတွေနဲ့။ တစ်ခုခုကို လိုချင်မိတာလား။ ဖြစ်ချင်တာလား။ မျှော်လင့်မိတာလား။ သေချာမှု မပါဘဲ ဖလင်တစ်ချက်ပေါ်­မှာဝါးတားတားအရိပ်နဲ့။ မက်ခဲ့တဲ့အိမ်မက်ဆိုတာလည်း ဒီရေတွေ တဖြေးဖြေးတိုက်စား ပြီးတဲ့နောက် ငါဖြစ်ချင်ခဲ့တဲ့ ဇာတ်ကောင်ကဘာလဲဆိုတာေ၀၀ါးသွားတရ်။ တောက်ပတဲ့အလင်းရောင်အောက်မှာ နေထိုင်ချင်တဲ့ ငါ့စိတ်ကူးက အမှောင်ကျတာ ကြာသွားပြီးတဲ့နောက်မှာတော့ အလင်းဖျော့ဖျော့ကို နေသားကျသွား သလိုမျိုး။ ပြီးတော့ ငယ်ငယ်က ရူးသွပ်တောင့်တမှုဟာလည်း ခုချိနပြန်တွေးရင် အရေးမပါသလိုပဲ။

     ပြသနာတွေကို ခဏမေ့ထားကြည့်။ ပြီးတော့ မျက်စိခဏမှိတ်ကြည့်လိုက်တော့ အမှောင်ကျသွားမှုနဲ့ အရာရာဟာ အေးချမ်းသွားခဲ့တရ်။ နေ့စဉ်မျှတတဲ့ အဟာရနဲ့နေထိုင်နိုင်ခြင်းကို ကံကောင်းတရ်လို့ ပြောကြတာကြားဖူးတရ်။ ဒီလိုနဲ့နေတာကြာသွားရင်ကျတော့ လူဖျင်းလို့လည်းပြောတရ်။ ဘာဟာကအမှန်ဘာလဲ။ အကြိမ်ကြိမ်တွေးခဲ့ပေမရ့် အဖြေကို မရခဲ့ဘူး။

     ဘာလုပ်သင့်သလဲဆိုတော ငါ့ကိုငါ ပြန်မေးကြည့်တော့လည်း တိကျတာကိုငါမဖြေတတ်ဘူး။ စိတ်ကူးနဲ့ဘ၀တည်လို ရကြေးဆို နိုင်ငံတိုင်းမှာ ငါ့ခြေရာထပ်နေလောက်ရောပေါ့။ ထားလိုက်ပါတော့။ ငါ့ဘ၀မှာ အရေးပါတဲ့ တာဝန်ရှိတဲ့သူက မရှိတဲ့နောက် အရာရာဟာ ပြောင်းလဲသွားခဲ့တရ်။

     ဘယ်အရပ်ကို ကြည့်ကြည့် မြင့်တဲ့သစ်ပင်က ထင်းနေတာပဲ။ ဟုတ်ပါတရ်။ ငါဟာ ဘာမှမရှိတဲပနောက် အစိုးမရတဲ့ ဘ၀ကို ပေါ့သွားတာပဲလို့ မြင်မိတရ်။ ဒါဟာကောင်းသလား။ ဆိုးသလား။ ငါမသိပါဘူး။ သေချာတာကတော့ စိတ်ထဲမှာ အေးချမ်းသွားပါတရ်။

         စိတ်တွေလေလွင့်မိရင် တွေးကြည့်လိုက်။ စိတ်ကူးလိုက်။ ဒီထက်ဆိုးတာ ကြုံတဲ့သူရှိမှာပဲ။ ငါဟာ အသေးမွား ပါပဲ။ ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။

အိမ်ကိုလွမ်းဆွတ်ခြင်း၂၀၀၅

အဆင်မပြေတဲ.နေ.တွေမှာ
အယ်လ်ကိုဟောမပါပေမရ်. မူးနောက်
ေ၀၀ါးတဲ.စိတ်နဲ. အတိတ်ကိုလွမ်းနေတုန်း
တော်ရာမှာ တာဝန်ကျရင်း
ဗျာများတဲ.အတွေးတွေနဲ.

နေသားမကျတဲ. ဘ၀မှာ
အိမ်ကိုလွမ်းစိတ်နဲ. ပြေးထွက်ချင်ခဲ.တာ
ငါ.ရဲ.အိမ်ရှိရာ ချစ်သော မေမေထံသို့

နေအိမ်ရဲ. တစ်နေရာအဝေးမှာ
အဖော် အပျော်ဆိုတာမဲ.ခဲ.ရတဲ.နောက်
ဘ၀ဆိုတာ အလုပ်မှာတွယ်ကပ်ခြင်းလို.
ဇွတ်မှိတ်လက်ခံရင်းနဲ.
ချောင်ကျကျဒေသ တစ်ခုမှာ
ငါသိပ်နှစ်သက်တဲ. မြို.ပြနဲ.ဝေးလျှက်

စပ်ဖျင်းဖျင်းလေ အဝှေ.မှာ
ခပ်ပြင်းပြင်း ဝေဒနာနဲ.
တိတ်ဆိတ်ခြင်းရဲ.နောက်ကွယ်မှာ
ငါ.မျှော်လင်.ခြင်းက
အိမ်ကိုနောက်တစ်ကြိမ်
ပြန်လည် ရောက်ရှိမည့်ရက်များသို့...။ 
ကိုယ်.ကိုယ်ကို ပြန်လည်ဖွဲ.ဆိုခြင်း

အခုဆိုလောကကို ဖြတ်သန်းလာခဲ.တာ
လူ.သက်တမ်းရဲ. လေးပုံတစ်ပုံ
ခပ်ရှားရှား အတွေးတွေနဲ. လူများနာလိုစရာကောင်းလောက်အောင်
ခပ်ပျော်ပျော်ပဲနေခဲ.တာ
သူကတော. နန်းဖြူဖြူဝင်း ပါ

ဆင်ခြေပေးဖို.
အမြဲ အကြောင်းရှိခဲ.တာ
ငြင်းဖို.ဆို အမြဲအသင်.လျှက်
သူငယ်ချင်းတွေ အပေါ်ကူညီတတ်တာ
အကောင်းစားလေး ဖြူဝင်း ပါ

အိမ်မှာဆိုလည်း ငြိမ်ငြိမ်နေလျှက်
မေမေချစ်အောင် လုပ်ဆောင်တတ်တာ
ဖြူ လို.ခေါ်တဲ. သမီးအလိမ္မာစားလေးပါ

အဖြူရောင် မုသားတွေနဲ.
စကားသိပ်ပြောတာ
ကိုယ်.ထက်အကြီးတွေကို
ဂျီကျတတ်တဲ. Vivi ပါ

မုဒါဝါဒနဲ. သားငါးကြိုက်ခဲ.တာ
တစ်ခုခုကို အဆင်ပြေအောင်
မလုပ်တတ်တာနဲ.ပဲ
လူများကို ဒုက္ခပေးတတ်တာ
သူကတော့ Forever Vivi ပါ...

တစ်ကိုယ်ရည်ညတစ်ညကိုဖြတ်သန်းခြင်း

ညဟာ လရောင်မဲ.
(ဒီအချိန်မှာ ကြောက်စိတ်တွေ ခဏဖရ်)
အေးစိမ်.ခြင်းဖြစ်ဖြစ်
တိတ်ဆိတ်ခြင်းဖြစ်ဖြစ်
အရေပြားကိုလာထိလို.
မြည်တဲ.အသံက အလွမ်းဆိုပါစို.
အလွမ်းရဲ. ဒုတိယ အမည်ကမင်းလေ

မတွေ.ရတဲ. အချိန်မှာ
ဘာမှန်းမသိတဲ. ဆွဲငင်မှုက
မင်းရှေ.တည်.တည်.မှာ
ငါ.အလွမ်းတွေကြွေကျ
တမ်းတခြင်းတွေ လောင်ကျွမ်းလို.

ပျောက်သွားတဲ.ငါ.ရဲ.စိတ်ကို
လိုက်လို.ရှာတော.
ချစ်သူနေတဲ. လမ်းမှာ
ထောင်.မကျိုးတဲ. အချိုးနဲ.

အခုည လကမှုန်ပြပြ
ရေရေမြင်ယောင်
ခါခါပြန်တွေး
ငါတွယ်ညိမိတဲ. အတိတ်ဆီ...။
ချစ်သူနှင်.ငါ

ပစ်ပစ်ခါခါတော. သူမပြောပါဘူး
စိတ်ညစ်အောင်ပဲ အခါခါလုပ်တာ
အချစ် ဘ၀ဆိုတာ အားလုံး
သူ.ရဲ.တောင်းဆိုချက်အောက်မှာ
ငါလည်းမိုက်မဲခဲ.ပါတရ်

ပေးဆပ်စရာ မကျန်တော.အောင်
ငါ.ဘ၀ကို ဖြုန်းသီးပြီးတဲ.နောက်
သူကပဲ ပြောလိုက်သေးတရ်
အချစ်ဆိုတာ ပူလောင်တရ်တဲ.

စိုးရိမ်မနေပါနဲ.တော.
ငါ.တစ်ကိုယ်လုံး ကျွမ်းလောင်နေပါပြီ
အချစ်ခံရတဲ. သုခနဲ.
ချစ်နေရတဲ. ဒုက္ခကို
ဘရ်လိုများ နားလည်လိုက်တာလဲ

မင်းကိုမှ တွယ်တာရာလို.
ထင်မှတ်မှား ငါ.စိတ်နဲ.
ငါ.ကိုကျ မင်းစိတ်နဲ. အပျော်လို
ဘာမဆိုပြုနေရတဲ.အဖြစ်
မင်းမျက်နှာ ညှိုးမှာကို
အသေကြောက်ခဲ.သူ။

တစ်ပါးအချစ်ကိုလုလို.လား


 နှစ်သက်ကြည်နူးမှုနဲ.အတူမင်းထံပါးအနားမှာ
ထာဝရ နေလိုပါသော်လည်း
ကံတရားက မျက်နှာသာမပေးလေတော.
သံသရာမှာ တစ်သက်တာဝေးရဖို.ဖန်ပေါ.

အရှုံးတစ်ခုကို အိပ်နက်မှာ ထုဆစ်ရင်း
အပြုံးတုကို စိတ်ပျက်စွာလည်စွဲပါ.မရ်
မင်းက မကြည်ဖြူ မတူတော.လည်း
တမင်ထားရစ်တာပေါ.လေ
သြော်...တစ်ခြားအပြစ်ဆိုစရာရှိလို.လား
ဒါမှမဟုတ် ...တစ်ပါးအချစ်ကို လုလို.လား

ဘ၀နှစ်မိ အသစ်မရှိပေမရ်.
ချစ်မိတော.လည်း အပြစ်ရယ်ပေါ.
လွန်တာသိသမျှ
ချစ်ရပါတရ်လို.တောင်းပန်ရင်း

 ငါ.ဘ၀ထဲ မင်းဝင်ရောက်ခဲ.တဲ.နေ.ကစပြီး
မျက်တောင်ကြားက မျက်ဆံလျေးနဲ.လှမ်းကြည်.လိုက်တာနဲ.
ငါ.စိတ်တစ်ခုလုံး ကျွမ်းလောင်သွားပြီပဲ

 မချစ်ပဲနဲ. ဘာလို.သိမ်းပိုက်ခဲ.တာလဲ
ချစ်ရက်နဲ.ဘာလို.ဝေးကွာရတာလဲ
သံယောဇဉ် မရင်.မီ
လမ်းခွဲဖြစ်ရင် အကောင်းသား

ခုများတော. သိပ်ခက်ပြီ
စွန်.လွတ်ဖို. ခက်သူအနေနဲ.
ရက်ရော သဘောထားကြီးသူ မဟုတ်လေတော.
ငါကချစ်တရ်ဆိုတာ ငါ.ကိုမင်းရဲ.တန်ခိုးသြဇာအောက်မှာ ပုံအပ်ထားတာနဲ. အတူတူပါပဲ

 
ချစ်သူအတွက် နှစ်ကူးလက်ဆောင်

စက္ကန်.မှ မိနစ်

 မိနစ်မှနာရီ

 ရက်မှလပြောင်း

 ပျော်ရွှင်ဖွရ်နှစ်လေးတစ်နှစ်

 အသစ်ဖြစ်လာတရ်

 အရာရာဟာပြောင်း

 အရင်က အကြောင်းတွေ

ဟောင်းသွားသလိုဖြစ်ပေမရ်.

ရင်ထဲက တစ်ယောက်သောသူကတော.

အစဉ်သာသစ်လွင်

ထာဝရသာ နှောင်ဖွဲ.မှုတွေနဲ.

ချစ်လို.နေမှာပါ

ရတန်း၊၈တန်းမှ သူငယ်ချင်း

မာန်၊ ကြွက်စုတ်၊ အက်ဆစ်၊ ထစ်ချူန်း၊ သွေးစုတ်

အားလုံးကို    သတိရလျှက်

 နှောင်ကြိုး

နန်းဧကရီဆောင် ... သို.


ရတနာပုံနေပြည်တော်
ရှေ.ကခေါ်ဝေါ်သည်.
မန်းမန္တာလာဝရ်
ပညာဆည်းပူး နေခဲ.ဖူးသည်
နန်းဧကရီ မှာ ၃ နှစ်သာ

မျော်လင့်တောင်.တမှုတွေထက် ပိုမိုကြိုးစား
အားလုံးဟာ စည်းလုံးချစ်ခင်လို.
နန်းဧကရီ အဆောင်သူ အများစုက တော်ကြတရ်
ဒီတိုင်းပုံမှန် ချီတက်လာခဲ.တာ
ငါနောက်ဆုံးနှစ်ရောက်တဲ. အထိပဲ

နန်းဧကရီဟာ နာမည်ကြီးတာ
အဘွားနဲ. အန်တီချိုတို. စောင်.ထိန်းကွပ်ကဲမှု အောက်မှာ
အဆောင်ပိတ်ချိန်မတိုင်ခင် ရောက်နေရမှာ စည်းကမ်းတစ်ခုပါ
စကားများတိုင်း ဆူခံထိတာ ငါတို.တွေရဲ. အပြစ်တာ

ငါတို.ထဲမှာ ရေပန်းစားတာ
ပြည်.စုံ ဆိုတဲ. E Queen ပါ (မှတ်ချက်...ဟီး...ငါသိပ်ကြည်.မရပါ)
အဘွားကဆူ ဝေဖြိုး စိတ်ကောက်
ခေးခမ်းဆိုတာ စကားများတာ (ရွှီးတာ) ၂ယောက်မရှိပါ
ကပ်စည်းနည်းတာ အစွန်းရောက်တဲ. ၀င်းမွန်ပါ ငါတို.အုပ်စုမှာ
(အိမ်က ပိုက်ဆံ မပို.ခင် ငွေပျက်ရင် ချေးလို.ရမြဲ မို. ကျေးဇူးတင်ပါတရ်)

မစီတားက အချော.တော်တရ် နာမည်ကြီးလျှက်
ငါနဲ. စကားနိုင်လု ပြောတာ မေရည် (စွာစိ) ပါ
ဖြူထွေး တော့ လိမ္မာ စွာနဲ. စာကျက်နေတတ်
ဘေးကကပ်ချွဲ အမြဲရစ်တာ စန္ဒီကျော်
ဘာမဆို နှောင်.နှေး အေးဆေးလုပ်တာ ကြာကမ္ဘာ(၀င်းစန္ဒာ)

ဧည်.သည်များလို. ခဏခဏ ခေါ်ပေးရတာ နေခြည်ပါ
အရိုးသားဆုံးက မောင် (EPTM) ဆိုတဲ. ငါတို.သူငယ်ချင်းပါ
စိတ်ညစ်စရာ စုကာပုံလာ မီမီအောင် က အားပေးရာ
ရည်းစားနဲ. စိတ်တိုခဲ.တိုင်း ပြောပြောမိတာ မကြူကြူစိန်ပါ
Main ထဲစာကျက်သွားတိုင်း ဘာလီကားရော အမြဲပါ

စာကြမ်းပိုး မမြမိုး နဲ.
လေတိုက်ခန်းမှာနေတာ မမာမာခိုင်ပါ
တစ်ခါက စစ်ကိုင်းတစ်ညခရီးမှာ
မြို.ခံမကေသွယ် ကဦးဆောင်လျှက်
မချောအိ တို.များ ပုဂံခရီးမှ လိုက်ဖြစ်တာ
ဒါတွေ အားလုံးငါတို.အမှတ်တရပါ
နန်းဧကရီဆောင် ကိုပြန်လည်တမ်းတမိလို. ရောက်တတ်ရာရာ စပ်ထားတဲ. ကဗျာတစ်ပုဒ်။