MP4 တွေ စပေါ်ခါစက တစ်လုံးဝယ်ပြီး
စမ်းကြည့်ဖူးတယ်။ MP3 တွေထည့်ကြည့်၊ အဆင်ပြေတယ်။ Video တွေ ထည့်မယ်လို့
စဉ်းစားလိုက်တော့ ခေါင်းစားပါလေရော။ စိတ်ထဲမှာထင်တာက MP4 Player
ဖြစ်တဲ့အတွက် MP4 Format ကို ထည့်ရမယ်လို့ ထင်တာကိုး။ MP3 ကအသံ၊ MP4
ဆိုရင် ရုပ်ရော၊ အသံရောပါလာတယ်လို့ ကြားဖူးထားတာလေ။ အဲဒါနဲ့ အင်တာနက်ထဲမှာ
MP4 Converter တွေ လိုက်ရှာတယ်။ Xilisoft ကထုတ်တဲ့ MP4 Converter ကို
တွေ့တာနဲ့ ဒေါင်းလိုက်တယ်။ install လုပ်၊ VCD တစ်ခွေထည့်၊ MP4 ဖိုင်အဖြစ်
ပြောင်းတယ်။ ပြီးတော့ MP4 Player ထဲ ထည့်လိုက်တယ်။ USB ကြိုးလေးဖြုတ်ပြီး
ပြန်ဖွင့်ကြည့်တယ်။ အဲဗျ..ဘယ်လိုမှ ဖွင့်မရဘူး။ ဟ ဘာဖြစ်တာလဲပေါ့။
နေစမ်းပါဦးဆိုပြီး MP4 ၀ယ်တုန်းက ပါလာတဲ့ Manual စာအုပ်ကို
ဖွင့်လိုက်တယ်။ အဲဒီတော့မှ Mini-CD လေးတစ်ချပ်က စာအုပ်ထဲက ထွက်လာတယ်။
စာအုပ်က
ဗူးသီးကြော်စာတွေရော၊ အင်္ဂလိပ်စာရော ပါတယ်။ ဖတ်ကြည့်လိုက်တော့ ဒီ Player
လက်ခံတဲ့ File Format က MP4 Format မဟုတ်ပဲ ASF ဆိုတာ သိသွားတယ်။ သူက
ဆက်ပြောထားသေးတယ်။ ASF Converter က စီဒီထဲမှာတင် ပါတယ်တဲ့။ အဲဒါနဲ့
စီဒီထဲမှာပါတဲ့ PMP Transcoding Tool ဆိုတာကို Install လုပ်၊ VCD
ခွေထဲကပါတဲ့ DAT ဖိုင်တွေကို ASF ဖိုင်တွေ အဖြစ်ပြောင်း၊ MP4 ထဲထည့်
ပြီးတော့ဖွင့်ကြည့်။ အဲ..သူ့ဟာနဲ့သူက အဆင်ကိုချောနေတာပဲ။
အဲဒီလို
စမ်းသပ်ကြည့်ပြီးတော့ စိတ်ထဲ သိပ်ဘ၀င်မကျဘူး။ ဘယ့်နှယ် MP4 Player လို့လဲ
ပြောသေး၊ MP4 File Format ကို မသိရကောင်းလားပေါ့။ ဒါများ MP4 Player လို့
ရေးမနေနဲ့။ ASF Player လို့ ရေးလိုက် ပြီးနေတာပဲ။
နောက်ပိုင်း
တရုတ် Sony MP4 တွေ ပေါ်လာတယ်။ လာပြန်ပြီ။ သူကျ တစ်မျိုး။ AMV File Format
မှ လက်ခံတယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ Player တော်တော်များများမှာကျတော့
3GP Format ကို လက်ခံလာတယ်။
အဲဒီလို MP4 မျိုးစုံ Format
မျိုးစုံနဲ့ဆိုတော့ ကွန်ပျူတာထဲမှာ VCD သီချင်းတစ်ပုဒ်တည်းကိုပဲ Format
မျိုးစုံ ပြောင်းထည့်ထားရတယ်။ Customer တစ်ယောက်လာရင် သူ့ MP4 ရဲ့ Brand
ကိုကြည့်ရတယ်။ JXD ဆိုရင် ASF ထည့်ပေးလိုက်တယ်။ Sony ဆိုရင် AMV
ထည့်ပေးတယ်။ ဘာမှန်းမသိတဲ့ Brand ဆိုရင် ASF ရော AMV ရော 3GP ရော
ထည့်ကြည့်ပြီး Test လုပ်ရပါတယ်။
အဲဒီလို လုပ်နေခဲ့တာ ကြာပါပြီ။
Format တစ်ခုနဲ့တစ်ခု အားသာချက်၊ အားနည်းချက်တွေကိုလည်း တဖြည်းဖြည်းနဲ့
တွေ့လာတယ်။ ASF က ရုပ်ထွက်ကောင်းပေမဲ့ Convert လုပ်တဲ့အခါ
ဖိုင်တစ်ဖိုင်ချင်းစီ လုပ်ရတာဆိုတော့ အချိန်အရမ်းပေးရတယ်။ ဒါပေမဲ့ ASF
ကိုဖွင့်နိုင်တဲ့ Player တော်တော်များများရှိတဲ့အတွက် ကွန်ပျူတာကနေလည်း
ကြည့်ရတာ အဆင်ပြေပါတယ်။
AMV ကျ ဖိုင်တွေအများကြီးကို Parallel
Convert လုပ်နိုင်ပေမဲ့ သူ့ကိုဖွင့်နိုင်တဲ့ Player က လုံးဝမရှိဘူး။
Convert လုပ်ပေးတဲ့ MP3 Player Utilities ကပဲ ပြန်ဖွင့်ပေးနိုင်တယ်။
သူကလည်း Play လုပ်ရတာ သိပ်အဆင်မပြေဘူး။ ပြီးတော့ AMV က Screen Size
အရမ်းသေးတယ်။
3GP Format ကတော့ ဖုန်းထဲလည်း ထည့်ရတယ်၊ MP4 ထဲလည်း
ထည့်ရတယ်ဆိုပေမဲ့ Resolution အရမ်းနည်းတယ်။ ရုပ်ကလည်း ၀ါးတားတားဖြစ်၊
အသံထွက်လည်း မကောင်း။ ကောင်းတာဆိုလို့ File Size အရမ်းသေးတာပဲ ရှိတယ်။
အခု သတင်းကောင်းလေးတစ်ခု ပြောပါတော့မယ်။
အခုနောက်ပိုင်းထုတ်
JXD MP4 Player တွေမှာ MP4 Format ကို သိသွားပါပြီ။ Xilisoft Video
Converter ကိုသုံးပြီး VCD ခွေထဲက ဖိုင်တွေကို MP4 Format
အဖြစ်ပြောင်းနိုင်ပါတယ်။ စမ်းသပ်ကြည့်တော့ MP4 Format ဟာ တခြား Video
Format တွေထက် အရမ်းကောင်းပါတယ်။ JXD MP4 Player မှာ MP4 ဖိုင်တွေကို
ဖွင့်ကြည့်တော့ ရုပ်ထွက်လည်း အရမ်းကြည်ပါတယ်၊ အသံပိုင်းလည်း
အတော်လေးကောင်းပါတယ်။ တကယ့် တီဗီမှာ ကြည့်ရတဲ့ အတိုင်းပဲ။ စာဖတ်သူထဲမှာ
MP4 Player ရှိသူများ စမ်းကြည့်ပါ။ ကိုယ့် MP4 လေးကို တကျော့ပြန်
ကြိုက်သွားပါလိမ့်မယ်။
ကျွန်တော်dna30xရဲ
့မေးခွန်းနဲ့ပတ်သက်ပြီးနည်းနည်းလောက်ဆွေးနွေးပါရစေ။ ကျွန်တော့်အမြင်ပြောရရင်
stroageDevicePolicies မှာ writeProtect လုပ်ထားရင်
ကိုယ့်စက်ရဲ့  registry မှာဘဲပြင်ထားတာဆိုတော့ ကိုယ့်ရဲ
့ကွန်ပြူတာမှာဘဲ writeProtect ဖြစ်မှာပါ။ တစ်ခြားစက်တွေမှာကိုယ့် flashDrive
သွားတပ်ရင် write လုပ်လို့ရနေဦးမှာပါ။အဲဒီတော့ ကိုယ့်စက်မှာပြန်တပ်တဲ့အခါ virus က
run နိုင်ပါသေးတယ်။ ပြီးတော့ file တွေကို encrypt လုပ်တာပါ။
ကျွန်တော်သိသလောက်ပြောရရင် virus တွေက file တွေမှာ append မလုပ်ပါဘူး။ သူ့ file
နဲ့သူပါ။ အဲဒီတော့ file တွေကို encrypt လုပ်ထားလဲ flashDrive ထဲမှာနေရာလွတ်ရှိသရွေ့
virus က၀င်နိုင်ပါသေးတယ်။virus တွေက autorun.inf ဆိုတဲ့ file ကို
flashDrive ထဲမှာ ထည့်ပြီး virus file ကို run ခိုင်းတာပါ။ window ရဲ့ autorun
feature ကိုပိတ်ထားရင်တောင် double click နဲ့ ဖွင့်ရင် autorun.inf
ကအလုပ်လုပ်ပါသေးတယ်။ RightClick>Explore ကလည်း virus ရေးတဲ့လူအားလုံးလိုလို က
သူတို့ file run ဖို့ autorun.inf မှာ ထည့်ရေးထားပြီးသားပါ။ flashDrive ကို
FolderView ဒါမှမဟုတ် AdressBar မှာ driveLetter နဲ့ ဖွင့်ရင်တော့ autorun.inf
ကအလုပ်မလုပ်နိုင်ပါဘူး။ အဲလိုဖွင့်ပြီး ကိုယ့် flashDrive မှာ autorun.inf ရှိမရှိ
စစ်ကြည့်တာပိုကောင်းပါတယ်။ autorun.inf ကို system file အဖြစ်နဲ့ hide
လုပ်ထားလေ့ရှိပါတယ်။ adressBar မှာ X:\autorun.inf(X = ur flashDrive's letter)
လို့ရိုက်ပြီး ဖွင့်ကြည့်တာတော့ အမြန်ဆုံး
ပါဘဲ။ ကိုယ့်ဟာကိုယ်ထည့်ထားတာ မဟုတ်ဘဲနဲ့ autorun.inf က defult text editor
တစ်ခုခုနဲ့ ပွင့်လာရင်တော့ သေချာပါတယ် virus ၀င်နေလို့ပါ။ autorun.inf file ထဲက
"open=" ဆိုတဲ့နောက်မှာ executable file name တစ်ခုပါ ပါလိမ့်မယ်။ အဲဒီ file နဲ့
autorun.inf ကို flashDrive ထဲကဖျက်ပစ် လိုက်ရင် ရပါတယ်။
Photo,music,video,txt and document တွေကို တစ်မျိုးခြင်း သို့
တစ်ပေါင်းတည်း ရှာနိုင်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ ရှာချင်တဲ့
ဖိုဒါကို ရွေးပြီး ရှာဖွေမယ့် အမျိုးအစား သတ်မှတ်ပေးရုံပါ။
သတ်မှတ်လိုက်တဲ့ အပေါ် မူတည်ပြီး file name တူတာတွေ သို့ name,date and
size တူတဲ့ ဖိုင်တွေ ကို ကာလာ ဆယ်မျိုးနဲ့ တူရာ ခွဲပြပေးပါတယ်။ ပိုနေတာတွေ
check လုပ်ပြီး delete လုပ်ပေးလိုက်တာ HD လည်း အတော် ၀န်ပေါ့ သွားရှာတယ်
:D ။
ဖိုင်ဆိုဒ်က 1.7 MB ဆိုတော့ သူ့ကြောင့် တိုးလာမယ့် space တွေ အတွက် ကျွန်တော်တော့ ပြန်မဖြုတ်နေတော့ပါဘူး :)